Geeta Kuttiparambil ၊ ဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (မြန်မာ)
Geeta Kuttiparambil သည် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (မြန်မာ) ၏ ဌာနေကိုယ်စားလှယ် ဖြစ်ပါသည်။ ဤတာဝန်ကို မထမ်းဆောင်မီ၊ သူမသည် ၂၀၂၁ ခုနှစ်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့၏ ဒုတိယဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့သို့ မဝင်ရောက်မီ၊ သူမသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းဌာန (Department of Peace Operations) တွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ သူမသည် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ နိုင်ငံများတွင် လူသားချင်း စာနာမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နယ်ပယ်များ၌ ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အဓိကထား၍ အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်းများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ကျယ်ပြန့်သော အတွေ့အကြုံများစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
Ms. Kuttiparambil သည် အောက်စဖို့ဒ် ဘရွတ်ခ်စ် တက္ကသိုလ် (Oxford Brookes University) မှ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ဘာသာရပ်ဖြင့် မဟာဘွဲ့ နှင့် အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ် (University of Delhi) မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဖြစ်ပါသည်။
