UN Women addressing the needs of women and girls in emergencies in Myanmar
Date:
Yangon, Myanmar — Naw Moh Moh Than, 18, aspires to become a teacher but she has had herjourney disrupted several times. When she was in secondary school, armed conflict in Kayin State forced her and herfamily to flee to a displacedpersons camp. With the help of one her teachers, she resumed her schooling in the nearest town but then the COVID-19pandemic forced all the schools to close since the start of 2020.
Still, Naw Moh Moh Than remained determined. She joined a sewing training that UN Women organized in the camp andmade cloth masks that humanitarian groups bought and distributed to women across Kayin State, which is mostlypopulated by the Karen ethnicminority.
“If I can master this skill, I can also pass it on to the others in the village,” Naw Moh Moh Than said.“When the schools reopen again, I will try to finish my matriculation but in the meantime, the sewing skillsthat I have learnedduring this training will really benefit me.”
The United Nations Office for Coordination of Humanitarian Affairs says women and girls made up 77 per cent of thepeople in displaced persons camps in Myanmar at the end of 2020, and they make up most of those who have beendisplaced since then.
Conflicts and disasters combined with gender inequalities often impose disproportionate hardships on women and girls,such as violence, restricted mobility and family care burdens. Those same inequalities also make it more difficultfor them to recoverfrom these crises.
At the same time, women and girls can have critical roles in resilience-building, crisis response and recovery. Theyare often the first responders when disasters strike, tending to the needs of families and communities. And whenwomen are involved inresponse and recovery, better outcomes result.
“Throughout the history of Myanmar, women have proven to be active agents in responding to crisis and key tothe promotion of peace,” said Nicolas Burniat, Country Representative for UN Women in Myanmar. “We muststep up our effortsto place women and women’s organizations at the centre of response to the current crisis.”
In Kachin State, home of the Kachin ethnic minority, Daw Zin Mar Aye, a 37-year-old teacher and mother, always feltthere was something more that she could do. So she attended trainings provided by UN Women and learned more aboutthe challenges and abusewomen face in the camps, In 2017 she formed a network of women of various ethnic groups to promote peace andwomen’s empowerment and to prevent the abuse. In 2020, with UN Women’s support, Daw Zin Mar Aye beganhelping women in the campswho were experiencing gender-based violence during the COVID-19 pandemic.
UN Women has been working to ensure that emergency responses in Myanmar both take into account the specific needs ofwomen and girls and make full use of their participation and leadership.
Since the beginning of this year, UN Women and local partners have distributed women’s hygiene and COVID-19protection kits to over 20,000 women and over 3,500 men, focusing on the most vulnerable households and women in thecamps and in crisis-affectedareas of Kachin and Rakhine States.
UN Women is helping over 10,000 vulnerable women, including displaced women and migrant workers, earn incomes andstart livelihoods with cash transfers; training in handicrafts production, entrepreneurship and climate-smartagriculture; and cash grantsto set up small businesses in Kachin, Kayin, Mon and Rakhine States and Tanintharyi Region.
In Rakhine and Kachin States, UN Women is partnering with the United Nations Population Fund to help survivors ofintimate partner violence in crisis-affected settings, and to try to stem domestic violence and gender-basedviolence. This includes providingfinancial aid, legal counsel and psychosocial support.
Additionally, to promote civil society’s participation in response efforts, UN Women has given training inleadership to about 160 women’s and youth groups in Mon and Kayin States.
UN Women’s work in Myanmar is funded by the governments of Canada, Finland, Germany, Japan and Sweden, as wellas by the Women’s Peace and Humanitarian Fund, and the Central Emergency Response Fund of the United NationsOffice for Coordinationof Humanitarian Affairs.
For more information:
Lesly Lotha,
Communications Officer, UN Women Myanmar
E: lesly.lotha@unwomen.org
UN Women - မြန်မာနိုင်ငံ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ၏ လိုအပ်ချက်များကိုဖြေရှင်းဆောင်ရွက်ခြင်း
နေ့စွဲ: ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ ၊ တနင်္လာနေ့
မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့ — အသက် (၁၈) နှစ် ရှိပြီဖြစ်သော နော်မို့မို့သန်းသည်ကျောင်းဆရာမတစ်ဦး ဖြစ်လာရန် မျှော်မှန်းသော်လည်း သူမ၏ ဘဝခရီးလမ်းတွင် အနှောင့်အယှက်များနှင့် အကြိမ်ကြိမ်တွေ့ကြုံခဲ့ရသည်။ သူမ အထက်တန်းကျောင်းသူဘဝတွင်ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခကြောင့် သူမနှင့် သူမ၏ မိသားစုဝင်များသည် စစ်ဘေးရှောင်စခန်းတစ်ခုသို့ထွက်ပြေးခဲ့ရသည်။ သူမသည် သူမ၏ ဆရာ/ဆရာမ တစ်ဦး၏ အကူအညီဖြင့် အနီးဆုံး မြို့တစ်မြို့တွင် ကျောင်းဆက်တက်ခဲ့သော်လည်း ၂၀၂၀ခုနှစ်အစကတည်း ကပင်COVID-19 ကပ်ရောဂါကြောင့် ကျောင်းများအားလုံး ပိတ်ခဲ့ရသည်။
သို့သော် နော်မို့မို့သန်းသည် စိတ်အားတင်းထားဆဲဖြစ်ပြီး သူမနေထိုင်သည့် စစ်ဘေးရှောင်စခန်းတွင် UN Women၏ ထောက်ပံ့မှုဖြင့်ဖွင့်လှစ်ခဲ့သော အပ်ချုပ် သင်တန်းကို တက်ရောက်ခဲ့သည်။ သူမသည် အဝတ်ဖြင့်ပြုလုပ်ထားသည့် နှာခေါင်းစည်း ချုပ်လုပ်ပုံသင်ယူတတ်မြောက်ခဲ့ပြီး အဆိုပါနှာခေါင်းစည်းများကိုလူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီ ဆောင်ရွက်နေ သည့် အဖွဲ့များက ဝယ်ယူကာ ကရင်တိုင်းရင်းသားအများစုရှိသည့်ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများကို ဖြန့်ဝေပေးခဲ့သည်။
“ကျွန်မ နှာခေါင်းစည်းချုပ်တာ ကျွမ်းကျင်စွာချုပ်တတ်သွားရင် ရွာထဲကအခြားသူတွေကိုလည်း ဒီချုပ်နည်းကိုကူညီပြပေးနိုင်ပါတယ်၊ ကျောင်းတွေ ပြန်ဖွင့်ရင်တော့ ကျွန်မ တက္ကသိုလ်ဝင်တန်း ပြီးအောင်ကြိုးစားမယ်၊ ဒါပေမယ့်အခုအချိန်မှာတော့ ကျွန်မ တတ်မြောက်ထားတဲ့ ဒီအပ်ချုပ်သင်တန်းကကျွန်မအတွက် တကယ်ကိုပဲ အကျိုးရှိပါတယ်။” ဟု သူမ က ပြောခဲ့သည်။
၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ စစ်ဘေးရှောင်စခန်းများရှိ လူဦးရေ၏ ၇၇% သည် အမျိုးသမီးများနှင့်မိန်းကလေးငယ်များ ဖြစ်ခဲ့ပြီး၊ ၄င်းတို့သည် ထိုအချိန်ကတည်းက ရွှေ့ပြောင်းလာကြသူများ၏ အများစု ဖြစ်ကြ သည် ဟု UNOCHA ကပြောပါသည်။
အမျိုသမီးများနှင့် မိန်းကလေးငယ်များသည် ကျားမရေးရာ တန်းတူမညီမျှမှုများပါ ရောနှောပါ၀င်နေသည့် ပဋိပက္ခများနှင့်အရေးပေါ်အခြေအနေများတွင် အချိုးအစားမညီသော အခက်အခဲများ ဥပမာ - အကြမ်းဖက်ခံရ ခြင်း၊ ရွှေ့ပြောင်း သွားလာမှုကန့်သတ်ခံရခြင်းနှင့် မိသားစုကို ပြုစုစောင့်ရှောက်ရသော၀န်ထုပ်၀န်ပိုးများကို တွေ့ကြုံခံစားကြရသည်။ ထိုမညီမျှမှုများသည် ၎င်းတို့ကို ထိုအကျပ်အတည်းအခြေအနေများမှ ပြန်လည်ထူထောင်ရန် ပို၍ခက်ခဲစေပါသည်။
တစ်ချိန်တည်းမှာပင် ပဋိပက္ခများကို တုန့်ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်စွမ်းရည် တည်ဆောက်ခြင်းတို့၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အဓိကအခန်းကဏ္ဍများတွင် ရှိနိုင်ပါ သည်။ ၄င်းတို့သည် အရေးပေါ်အခြေအနေများ ကြုံတွေ့လာသည့်အခါ မိသားစုနှင့် ရပ်ရွာအသိုင်း၀ိုင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပထမဦးဆုံး တုန့်ပြန်ဆောင်ရွက်သူများဖြစ်လေ့ရှိကြသည်။ အရေးပေါ် အခြေအနေ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးတို့တွင် အမျိုးသမီးများပါ၀င်လာသည့်အခါ ပိုမို ကောင်းမွန်သည့် ရလာဒ်များကို ရရှိလာပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အမျိုးသမီးများသည် ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်ရာ၌ အဓိက ဖြစ်ပြီးအကျပ်အတည်းများကို တုန့်ပြန်ဆောင်ရွက်ရာတွင် တက်ကြွသောဖန်တီးဆောင်ရွက်သူများဖြစ်ကြကြောင်း သက်သေများရှိခဲ့သည်။လက်ရှိအကျပ်အတည်းများအပေါ် တုန့်ပြန်ဆောင်ရွက်မှု၏ဗဟိုတွင်အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများကို နေရာပေးရန် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုကို အရှိန်မြှင့်တင်ရပါမည်။ “ ဟု UN Women Myanmar ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Nicolas Burniat က ပြောကြားခဲ့ပါသည်။
ကချင်ပြည်နယ်တွင် အသက် ၃၇ နှစ်အရွယ် ကချင်တိုင်းရင်းသူ ဒေါ်ဇင်မာအေးသည် ကျောင်းဆရာမတစ်ဦး ဖြစ်ပြီးမိခင်တစ်ဦးလည်းဖြစ်ပါသည်။ သူမသည် သူမပြုလုပ်နိုင်ခဲ့သည်ထက် ပိုပြီးလုပ်နိုင်လိမ့်အုံးမည်ဟု အမြဲ ခံစားခဲ့ရသည်။ထို့ကြောင့် UN Women က ပံ့ပိုးကူညီပေးခဲ့သော သင်တန်းများကိုတက်ရောက်ခဲ့ပြီးစစ်ဘေးရှောင် စခန်းများတွင် အမျိုးသမီးများ တွေ့ကြုံရသော စိန်ခေါ်မှုများနှင့် အနိုင်ကျင့်ခံရမှုများအကြောင်းကိုထပ်မံလေ့လာ သင်ယူခဲ့ရသည်။ ၂၀၁၇ခုနှစ်တွင် သူမသည် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးကိုပိုမိုတိုးမြှင့်ဆောင်ရွက်ရန်နှင့်အမျိုးသမီးများအနိုင်ကျင့်ခံရမှုများ ကာကွယ်တားဆီးရန်အတွက် တိုင်းရင်းသား မျိုးနွယ်စုအမျိုးမျိုး ပါ၀င်သော အမျိုးသမီးကွန်ရက်တစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၂၀ခုနှစ် တွင် ဒေါ်ဇင်မာအေးသည် UN Women ၏ အကူအညီဖြင့် COVID-19ကပ်ရောဂါကာလအတွင်း စစ်ဘေးရှောင်စခန်းများရှိ ကျားမအခြေပြု အကြမ်းဖက်မှုခံခဲ့ရသော အမျိုးသမီးများအား စတင်ကူညီခဲ့ပါသည်။
UN Women သည် မြန်မာနိုင်ငံတွင် အရေးပေါ်တုန့်ပြန်မှုများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏အထူးလိုအပ်ချက်များကို ထည့်သွင်းစဥ်းစားပြီး ၄င်းတို့၏ပါ၀င်မှုနှင့် ခေါင်းဆောင်မှုတို့ကို အပြည့်အ၀ အသုံးပြုကြောင်းသေချာစေရန် လုပ်ဆောင်နေပါသည်။
ယခုနှစ် အစကတည်းကပင် UN Women သည် ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဒဏ်ခံနေရသောနေရာများရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည့် ထိခိုက် ခံရမှု လွယ်ကူသော အိမ်ထောင်စုများနှင့်အမျိုးသမီးများကို အဓိကထား၍ အမျိုးသမီးဦးရေ ၂၀,၀၀၀ ကျော်နှင့် အမျိုးသားဦးရေ ၃,၅၀၀ကျော်တို့ အတွက် အမျိုးသမီးတစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင် အိတ်များနှင့် COVID-19 ကာကွယ် တားဆီးပေးသည့် ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါသည်။
UN Women သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင်နေရပ်စွန့်ခွာတိမ်းရှောင်နေသော အမျိုးသမီးများနှင့် အမျိုးသမီးရွှေ့ပြောင်းလုပ်သားများအပါအဝင် ထိခိုက်လွယ် သည့်အမျိုးသမီး လူဦးရေ ၁၀,၀၀၀ ကျော် အတွက် ငွေကြေးလွှဲပြောင်းပေးပြီးအသက်မွေး၀မ်းကျောင်း လုပ်ငန်းများ စတင် စေကာ ၀င်ငွေတိုးပွားမှုကို ကူညီခြင်း၊ လက်မှုသင်တန်းများ၊စွန့်ဦးတီထွင်မှုဆိုင်ရာသင်တန်း၊ ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးသင်တန်းများပေးခြင်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် ငွေကြေးပိုင်းဆိုင်ရာပံ့ပိုးခြင်းတို့ကို ကူညီထောက်ပံ့ပေးနေပါသည်။
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် UN Women သည် UNFPA နှင့်အတူ အကျပ်အတည်းအခြေအနေတွင် ရင်းနှီးကျွမ်း၀င်သော လက်တွဲဖော်၏ အကြမ်းဖက်ခြင်းခံရသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကူညီထောက်ပံ့ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအပေါ် ကာကွယ် တားဆီး ရန် ငွေကြေး ထောက်ပံ့ပေးခြင်း၊ ဥပဒေဆိုင်ရာအကြံပေးခြင်းနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းတို့ကို ဆောင်ရွက် နေပါသည်။
ထို့အပြင် အရေးပေါ်အခြေအနေ တုန့်ပြန်ဆောင်ရွက်ရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပါဝင် ဆောင်ရွက်မှုကိုပိုမိုမြှင့်တင်ရန် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ဒေသရှိ အမျိုးသမီးအဖွဲ့များနှင့် လူငယ်အဖွဲ့များ စုစုပေါင်း ၁၆၀ ခန့်ကိုUN Women မှ ခေါင်းဆောင်မှု သင်တန်းများပံ့ပိုးပေးခဲ့ပါသည်။
UN Women ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မှုများကို ကနေဒါ၊ ဖင်လန်၊ ဂျာမဏီ၊ ဂျပန်နှင့် ဆွီဒင် စသည့် နိုင်ငံများ၏ အစိုးရအသီးသီးတို့က ရန်ပုံငွေ ပံ့ပိုးကူညီပေးပြီး အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေအဖွဲ့နှင့် UNOCHA၏ ကုလသမဂ္ဂ အရေးပေါ် တုန့်ပြန်ရေး ဗဟို ရန်ပုံငွေအဖွဲ့ တို့ကလည်း ပံ့ပိုး ကူညီပေးပါသည်။
နောက်ထပ်သတင်းအချက်အလက်များအတွက် ကျေးဇူးပြု၍ ဆက်သွယ်ပါ:
Lesly Lotha,
Communications Officer, UN Women Myanmar
E: lesly.lotha@unwomen.org