Rural women are powerful and constantly overcome challenges
The right to food is a human right and gender equality must be included in the discussion to ensure food and nutritional security.
Date:
On October 15, International Day of Rural Women celebrates the contributions of rural women towards food security, local communities, and global economies. Daw Pyone Kyi and Daw Zin Ma represent the voices of the often-invisible rural women in Myanmar who are overcoming challenges due to the ongoing crises.
Rural Women are essential for sustainable food and agriculture systems, development and natural resource management all over the world. Globally, 70 per cent of the agricultural workers, 80 per cent of food producers and 15 per cent of those who process basic food, are women. Despite their vital role in agricultural production, gender norms and structural barriers result in women having less access to services, including health, nutrition, education and information, earn less income and experience higher food insecurity. In crises settings women often bear the brunt of impacts, exacerbating socioeconomic vulnerabilities. According to the State of Food Security and Nutrition in the World, the gender food insecurity gap has widened from 1.7 per cent in pre-COVID-19 to 4 per cent in 2022.
The conflict in Myanmar has heightened this global trend. Around 70 per cent of the population in Myanmar live in rural areas. Since 2019, rural populations in Myanmar were more likely to experience continued declines in their income and increased food insecurity. Women, who represent 52 per cent of rural populations, were more likely to reduce their food consumption as a coping mechanism[1].
According to a June 2022 FAO and WFP Food Security Assessment Report, 30 per cent of rural female-headed households recorded insufficient food consumption, compared to 23 percent of rural male-headed households[2]. In Myanmar, 15.1 per cent of rural households are headed by women[3].
Daw Pyone Kyi from Tawpakaut Village, Thahton Township, Mon state said.
“I am the sole breadwinner of my family since my husband died, so I am responsible for not only earning money through growing vegetables in my backyard but also for ensuring that my children get enough nutritious food. Due to the COVID-19 outbreaks and the movement restrictions, I barely earn my income by doing casual work. Through the support of unconditional cash grants and vegetable seeds, I have been able to improve my home garden and I now produce more food and different types. This allows me to provide for my family.”
Female-headed rural households face structural barriers which limit their resilience to shocks and equal participation in food systems and markets. Daw Zin Ma from Mon State is one of 39 per cent of female-headed households in Myanmar without access to land[4].
“I don’t own land. I grow my food and crops on rented land. Without any property, I had difficulties getting financial assistance through local money lenders to purchase seeds and fertilizers. I was struggling to make a living because of the rising prices of fertilizers and didn’t have any other source of income. The support in the form of unconditional cash grants enabled me to buy fertilizer for my crop and increase my yield enough to feed my family and make additional income. Rural women are powerful and constantly overcome challenges.”
Daw Pyone Kyi and Daw Zin Ma represent the voices of many rural women in Myanmar who are facing challenges due to the ongoing protracted crises. The right to food is a human right and gender equality must be included in the discussion to ensure food and nutritional security. Development actors and agents of change such as community leaders need to ensure the rights of rural women and must increase efforts to reach and empower rural women in the economic relief and recovery of Myanmar.
[1] UNDP and UN Women (2022). Regressing Gender Equality in Myanmar.
[2] FAO and WFP. 2022. Myanmar | Shocks, agricultural livelihoods and food security: Monitoring report, June 2022. Rome.
[3] Asian Development Bank (ADB) Gender Equality and Women’s Rights in Myanmar: A Situation Analysis.
[4] Ibid.
This story was originally featured on UN Myanmar website dated: 14 October 2022
About FAO
The Food and Agriculture Organization of the United Nations (FAO) is a specialized agency of the United Nations that leads international efforts to defeat hunger. Currently in Myanmar, FAO is scaling up its emergency response across the country, including supporting rural women through a range of interventions to support crop, livestock and vegetable production, along with the rehabilitation of vital irrigation infrastructure and the implementation of cash-based interventions.
About UN Women
UN Women is the United Nations entity working for Gender Equality and the Empowerment of Women. In Myanmar, UN Women works towards ensuring that women and girls affected by crisis lead, participate in and benefit from relief, response, peace and development efforts, thereby contributing to a more resilient and gender equal society.
ကျေးလက်နေအမျိုးသမီးများသည် ၎င်းတို့ အစွမ်းအစဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားလျက်ရှိသည်။
Date: Monday, 17 October 2022
စားနပ်ရိက္ခာလက်လမ်းမီခြင်းသည် လူ့အခွင့်အရေးဖြစ်ပြီး၊ အစားအစားနှင့် အဟာရပြည့်မီခြင်းဆိုင်ရင် ဆွေးနွေးမှုတွင် ကျား၊ မ တန်းတူပါဝင်ရေးသည် မရှိမဖြစ်လိုအပ်သည်။
အောက်တိုဘာ ၁၅ ရက်နေ့သည် နိုင်ငံတကာ ကျေးလက်အမျိုးသမီးများနေ့အဖြစ် ကမ္ဘာ့စီးပွားရေး၊ ရပ်ရွာလူတထု နှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ကျေးလက်အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို ဖော်ထုတ်ပြသည့်နေ့ဖြစ်ပါသသည်။ လက်တလောဖြစ်ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနေကြရာတွင် ကွယ်မြုပ်နေသော မြန်မာနိုင်ငံရှိ ကျေးလက်နေအမျိုးသမီးများ၏ အသံကို ဒေါ်ပြုံးကြည် နှင့် ဒေါ်ဇင်မ တို့က ကိုယ်စားပြုနေသည်။
ကမ္ဘာကြီး၏ ရေရှည်တည်တံ့သော ဖွံဖြိုးရေးနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေး၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး စနစ် အတွက် ကျေးလက်နေအမျိုးသမီးများ၏ အခန်းကဏ္ဍသည် မရှိမဖြစ်အရေးပါပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၇၀ ရာခိုင်နှုန်းသော စိုက်ပျိုးရေးလုပ်သား၊ ၈၀ ရာခိုင်နှုန်းသော အစားအစားထုတ်လုပ်သူများ နှင့် ၁၅ ရာခိုင်နှုန်းသော အခြေခံစားသောက်ကုန်ထုတ်လုပ်သူများသည် အမျိုးသမီးများဖြစ်ကြသည်။ ၎င်းတို့၏ အခန်းကဏ္ဍသည့် မရှိမဖြစ်အရေးပါသော်ြငားလည်း တဖက်တွင် ပညာရေးနှင့် သတင်းအချက်လက်ရရှိခြင်း၊ အဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှု တို့ကို လက်လှမ်းမီနိုင်ခြင်းတို့တွင် အခွင့်အရေးနည်းပါလျက်ရှိပြီး၊ ဝင်ငွေအားဖြင့် နည်းပါသောဝင်ငွေသာရရှိကာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြီးစွာရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ အကျပ်အတည်းကာလတွင် အမျိုးသမီးများသည် သက်ရောက်မှုများကို တနင့်တပိုးရင်ဆိုင်နေကြရပြီး၊ လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်လွယ်မှုသည် ဆိုးရွာစွာမြင့်တက်လျက်ရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် အဟာရ အေခြေအနေ အရ၊ စားနပ်ရိက္ခာမလုံလောက်မှုတွင် ကျား၊ မ ရေးရာကွာဟမှုသည် Covid-19 မတိုင်ခင်ကာလတွင် ၁.၇ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းထိကျယ်ပြန့်လာနေပါသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခ သည် ယနေ့ကမ္ဘာ့အခြေအေနတွင် မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြသည်။ ၂၀၁၉ ခုနှစ် ကတည်းက စ၍ ကျေးလက်နေလူထုသည် ဝင်ငွေများကျဆင်းလာခဲ့ပြီး စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေကြရပါသည်။ ကျေးလက်နေ လူဦးရေ ၅၂ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် အမျိုးသမီး တို့သည် စားသောက်မှုကို လျော့ချကာ ဖြေရှင်းနေကြရပါသည်။ [1]
၂၀၂၂ ခုနှစ် ဇွန်လ၊ FAO နှင့် WFP တို့၏ စားနပ်ရိက္ခာ လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ၊ အမျိုးသားဦးဆောင်သည့် အိမ်ထောင်စု၏ ၂၃ ရာခိုင်နှုန်းနှင့်ယှဥ်လျှင် အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စု၏ ၃၀ ရာခိုင်နှုန်းသည်၊ [2] လုံလောက်စွာ စားသောက်မှုမရရှိခြင်းကိုတွေ့ရပါသည်။ မြန်မာနိင်ငံတွင် ကျေးလက်နေအိမ်ထောင်စု၏ ၁၅.၁ ရာခိုင်နှုန်းသည် အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စုများဖြစ်သည်။ [3]
မွန်ပြည်နယ် သထုံမြို့၊ တော်ပကောက် ကျေးရွာမှ ဒေါ်ပြုံးကြည် က ဟု ဆိုပါသည်။
“အမျိုးသားဆုံးပါးသွားပြီးကတည်းက မိသားစုကို ကျွန်မပဲ ဦးဆောင်ခဲ့တယ်,, အိမ်နောက်ဘက်မြေကွက်လပ်မှာ ဟင်းသီးဟင်ရွက် စိုက်ပျိုးပြီး ဝင်ငွေရှာပါတယ် .. တဖက်မှာလဲ ကလေးတွေ နေ့တိုင်းဝဝလင်လင်စားနိုင်ဖို့လဲ သေချာအောင်လုပ်ရပါတယ်.. ကိုဗစ်တွေဖြစ်တယ်... ပြီးတော့ အသွားအလာ ကန့်သတ်မှုတွေလုပ်တော့ အပြင်သွားကျပန်းလုပ်ပြီး ရှာစားဖို့လဲ မဖြစ်နိုင်တော့ အတော်လေးခက်ခဲပါတယ်.. အထောက်အပံ့ရခဲ့တဲ့ ဟင်းရွက်မျိုးစေ့တွေနဲ့ ငွေအချို့ နဲ့ ပဲ အိမ်မှာ ဟင်းရွက်စိုက်၊ အိမ်လည်းစား ရောင်းလဲရောင်း နဲ့ပဲ လောလောဆယ် စားဝတ်နေရေးကို ဖြေရှင်းနေရတာပေါ့..”
အမျိုးသမီးဦးဆောင်သည့် ကျေးလက်နေအိမ်ထာင်စုများသည် စားနပ်ရိက္ခာစနစ်များနှင့် စျေးကွက်များတွင် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ပူးပေါင်းပါဝင်နိုင်မှုကို ကန့်သတ်ထားသည့် ပုံစံတကျရှိနေသော အတားအဆီးမျးကို ရင်ဆိုင်နေကြရသည်။ ဒေါ်ဇင်မသည် မြန်မာနိုင်ငံတွင် အမျိုးသမီး ဦးဆောင်သည့် အိမထောင်စု ၃၉ ရာခိုင်နှုန်းရှိသည့် မွန်ပြည်နယ်မှ ဖြစ်ပြီး ၎င်းတွင် ကိုယ်ပိုင် စိုက်ပျိုး မြေယာမရှိသည့် အငှားတောင်သူ တစ်ဦးဖြစ်သည်။ [4]
“ကျွန်မမှာ ကိုယ်ပိုင်လယ်မရှိဘူး... မြေငှားစိုက်ရတာ,, ကိုယ်ပိုင်လယ်မရှိတော့ ငွေချေးတဲ့သူတွေက မချေးချင်ကြတော့ဘူး ဒီကာလမှာ .. ငွေတိုးချေးတဲ့သူတွေဆီက ချေးမရတော့ စိုက်ပျိုးဖို့ စပါးမျိုးစေ့နဲ့ မေသြဇာလည်း မဝယ်နိုင်ခဲ့ဘူး.. တခြားဝင်ငွေရ အလုပ်လည်း ကျွန်မမှာမရှိဘူး... မြေသြဇာစျေးတွေကလည်း မတရားတက်လာတော့ ကျွန်မအတွက် အရမ်းခက်ခဲတယ်.. အခုအဖွဲ့အစည်းကပေးတဲ့ ထောက်ပံ့ငွေလေးနဲ့ မြေသြဇာ ရတယ်.. စပါးမျိုးစေ့ဝယ်ပြီး ဖြစ်ထွန်းအောင်စိုက်မယ်.. မိသားစုစားဝတ်နေရေးလေးပြေလည်တာပေါ့.. ကျွန်မတို့ အမျိုးသမီးတောင်သူတွေလည်း ကိုယ့်အားကိုယ်ကိုးပြီးပဲ အခက်ခဲတွေရင်ဆိုင်ဖြေရှင်းနေပါတယ်”
ဒေါ်ပြုံးကြည်နှင့် ဒေါ်ဇင်မသည် မြန်မာနိုင်ငံတွင် လတ်တလော အကျပ်အတည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေရသည့် အမျိုးသမီးများ၏ အသံကို ကိုယ်စားပြုလျက်ရှိပါသည်။ စားနပ်ရိက္ခာလက်လမ်းမီခြင်းသည် လူ့အခွင့်အရေးဖြစ်ပြီး၊ အစားအစားနှင့် အဟာရပြည့်မီခြင်းဆိုင်ရင် ဆွေးနွေးမှုတွင် ကျား၊ မ တန်းတူပါဝင်ရေးသည် မရှိမဖြစ်လိုအပ်သည်။ ဖွံ့ဖြိုးရေးဆောင်ရွက်သူများနှင့် လူထုကို ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးဖောင်ဆောင်သူများ အနေဖြင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးအတွက် ကျေးလက်နေအမျိုးသမီးများ ၏ အခွင့်အရေးနှင့် ပူးပေါင်းပါဝင်မှုကို အားထုတ်မြှင့်တင်ပေးရန်လိုအပ်သည်။
[1] UNDP and UN Women (2022). Regressing Gender Equality in Myanmar.
[2] FAO and WFP. 2022. Myanmar | Shocks, agricultural livelihoods and food security: Monitoring report, June 2022. Rome.
[3] Asian Development Bank (ADB) Gender Equality and Women’s Rights in Myanmar: A Situation Analysis.
[4] Ibid.
ဤသတင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂ မြန်မာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည်။
အကြောင်း FAO
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့သည် ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုကို ဦးဆောင်သည့် ကုလသမဂ္ဂ၏ အထူးအေဂျင်စီဖြစ်သည်။ လက်ရှိတွင် ကျေးလက်နေအမျိုးသမီးများအပါဝင် မြန်မာနိုင်ငံအတွင်း အရေးပါ်တုန့်ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး၊ စိုက်ပျိုးသီးနှံ၊ မွေးမြူရေးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး သွင်းအားစုများကို ရင်းနှီးငွေထောက်ပံ့ခြင်းနှင့်အတူ ပံ့ပိုးကူညီဆောင်ရွက်နေပါသည်။
အကြောင်း UN Women
UN Women သည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး၊ ဂျဲန်ဒါရေးရာ ညီမျှမှုကို ဆောင်ရွက်သည့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် UN Women သည် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ကို တုန့်ပြန်ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအားထုတ်မှုများတွင် ပါဝင် အကျိုးခံစားမှုရရှိရေးတို့အတွက် သေချာအောင် ဆောင်ရွက်ခြင်းဖြင့် ပိုမို ကြံ့ခိုင်ပြီး၊ ကျား၊မ အခန်းက္ဍ တန်းတူရည်တည်ဖြစ်သည့် လူ့အဖွဲ့အစည်းတရပ် ဖြစ်ရန်ဦးတည်လျက်ရှိပါသည်။