Gender Equality and Women’s Empowerment in Myanmar – A bird’s flight with a broken wing

Date:

Author: Karin Fueg

English | မြန်မာ

International Women's Day on 8 March celebrates the social, economic, cultural, and political achievements of women. The day also marks a call for action for accelerating women’s empowerment and gender equality. Why does commemorating the International Women’s Day in Myanmar matter?

Photo: UN Women/Piyavit Thongsa-Ard
Myanmar migrant workers sew clothes in a factory in Thailand's western province of Mae Sot. Photo: UN Women/Piyavit Thongsa-Ard

I started writing this Op-Ed wanting to explain to the unborn generation of children why gender equality and the empowerment of women matters in Myanmar today. It is the ingrained hope of a mother wanting to pass on a better future to her child. It is also my call for action to all involved to further advance on gender equality and the empowerment of women as we are facing an erosion of many hard-earned gains in terms of gender equality.

Myanmar’s women and girls have been hit disproportionately hard by the Covid-19 pandemic, the 1 February 2021 coup and the pursuant security, humanitarian, and socio-economic crisis. The economic downturn has led to an increasing pay gap between women and men, and women-led businesses, which are often small and micro-enterprises or in the informal sector, have struggled more to make a recovery. Access to sexual and reproductive healthcare services has been severely diminished. While reliable figures are not available, all indicators point to an increase in various forms of sexual and gender-based violence across Myanmar, while access to response services and to justice for survivors is often minimal to non-existent.

Why does gender equality matter, will you ask? “If society is like a bird with two wings, if one is broken the bird will not be able to fly” will I answer. If women, who make 52 per cent of the population are not equally represented in decision making bodies, lack equal access to basic rights, equal employment and income opportunities, and continue to face the threat of violence in their day-to-day lives, they will not be able to fully claim and exert their rights, then society will never be able to fully thrive and to use its full socio-economic potential towards a sustainable and prosperous future. Women in Myanmar have shown tremendous resilience but continue to face unequal access to productive resources, reproductive rights and suffer violence and abuse.

The multiple crises have seen an extraordinary amount of women’s engagement socially and economically, with women playing central and life-saving roles in local and community-level pandemic and humanitarian responses, often in extreme circumstances. Previously marginalized women have begun playing increasingly visible leadership roles, and the unity within the women’s movement is at an all-time high. However, all of this has come at a high cost, with individual women leaders and women’s organisations, finding themselves under-resourced, often at a risk of depletion and over-burdening, and facing increasing threats and violence both online and in real life for their outspoken and brave leadership.

The 2023 Humanitarian Response Plan reports that women have been hit disproportionately by conflict, the political and economic crisis, and their subsequent economic impacts due to social norms around work, disempowerment in the workplace and their traditional role in their households and communities. Of the 4.5 million people prioritized for life-saving humanitarian support this year, 52 per cent are women. Despite the extremely challenging circumstances, the United Nations in Myanmar together with its local partners will reach 2.3 million women and girls in humanitarian assistance covering prevention and response to gender-based violence, HIV/AIDS prevention, cash transfer and food distribution in 2023.

Undoubtedly, the multiple crises have led to an across-the-board erosion of many hard-earned gains of the past decades in terms of gender equality and women’s empowerment as the ratification of the United Nation Convention on Elimination of All forms of Discrimination against Women (CEDAW) or the National Strategic Plan for the Advancement of Women. But as dire as the situation is in Myanmar, the continued prominence of women in all aspects of social, political, and economic life give reason for hope as well.

To halt the regression of gender equality and women’s empowerment, Myanmar women and women’s rights organisation need the urgent support of the international community, including from UN agencies, to listen to their appeals and to continue advocating on their behalf. This includes adaptive and flexible support to women’s organisations providing aid to populations in need in remote areas relying on their knowledge and networks to be able to localise and deliver aid efficiently and effectively.

A bird with two equally strong and intact wings will fly high and far towards a prosperous and sustainable future. On 8 March and beyond I, on behalf of UN Women, commit to stand for gender equality in Myanmar, today and always.


About the author: Karin Fueg is the acting interim UN Women representative in Myanmar.

 

မြန်မာနိုင်ငံတွင် ကျားမ တန်းတူညီမျှရေး နှင့် အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေး– အတောင်ကျိုး ငှက်တစ်ကောင်၏ ပျံသန်းမှု

ရက်စွဲ- 8 မတ်လ 2023

ရေးသားသူ- Karin Fueg

English | မြန်မာ

မတ်လ ၈ ရက်နေ့တွင်ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများကို ဂုဏ်ပြုကျင်းပသည့်နေ့ဖြစ်ပါသည်။ ထို့အပြင် ဤအထိမ်းအမှတ်နေ့ကို ကျင်းပပြုလုပ်ခြင်းဖြင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျားမ တန်းတူညီမျှ ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကျင်းပခြင်းသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။

Photo: UN Women/Piyavit Thongsa-Ard
ထိုင်းနိုင်ငံ အနောက်ပိုင်း မဲဆောက်ခရိုင်ရှိ စက်ရုံတစ်ခုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အထည်ချုပ်၊ Photo: UN Women/Piyavit Thongsa-Ard

ကျွန်မအနေဖြင့် ဤအတွေးအမြင်ဆောင်းပါးကို ရေးသားရခြင်းမှာယနေ့ မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှု မည်မျှအရေးကြီးကြောင်းနှင့်ပတ်သက်ပြီး မမွေးဖွားသေးသော မျိုးဆက်သစ် ကလေးများကို ရှင်းပြလိုသည့် ဆန္ဒကြောင့်ဖြစ်ပါသည်။ မိမိ၏ကလေးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို လက်ဆင့်ကမ်းပေးလိုသည်မှာ မိခင်တိုင်း၏ ရင်ထဲက မျှော်လင့်ချက်ဆန္ဒ ဖြစ်ပါသည်။ ကျားမတန်းတူညီမျှရေး နှင့်ပတ်သက်၍ အခက်အခဲများကြားမှ ကြိုးစားပမ်းစားရရှိခဲ့သည့် တိုးတက်မှုများ ဆုတ်ယုတ် လျော့ပါးလာသည်ကို ကျွန်မတို့ကြုံတွေ့နေရသည့်အတွက် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို ပိုမိုတိုးတက်အောင် လက်တွေ့ဆောင်ရွက်ရန် ပါဝင်ပတ်သက်သူအားလုံးကို ကျွန်မအနေဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့် ဘေးကင်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူမှုစီးပွားဆိုင်ရာ အကြပ်အတည်းများကြောင့် အချိုးအစား မမျှတစွာ ထိခိုက်ခံစားကြရသည်။ စီးပွားရေးကျဆင်းမှုကြောင့် အမျိုးသမီးနှင့် အမျိုးသားကြား လုပ်ခလစာ ကွာဟမှုကြီးမားလာသည့်အပြင်၊ အသေးစားနှင့် အငယ်စား စီးပွားရေး လုပ်ငန်းများ သို့မဟုတ် အလွတ်သဘောကဏ္ဍတွင်လုပ်ကိုင်ရလေ့ရှိသည့် အမျိုးသမီးဦးဆောင်သည့် စီးပွားရေး လုပ်ငန်းများအနေဖြင့် ပြန်လည်ရပ်တည်နိုင်အောင် ပိုမိုကြိုးစားရုန်းကန်ကြရသည်။ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ လက်လှမ်းမီရရှိခြင်းတွင်လည်း အပြင်းအထန် ထိခိုက် ဆုတ်ယုတ်မှုများ ရှိခဲ့သည်။ ယုံကြည်အားကိုးနိုင်လောက်သည့် ကိန်းဂဏန်းအချက်အလက်များ မရနိုင်သော် လည်း၊ အားလုံးသော ညွှန်းကိန်းများ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံအနှံ့အပြားတွင် ပုံစံမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျားမအခြေပြု အကြမ်းဖက်မှုများ တိုးပွားလာသည့်အပြင်၊ အသက်ရှင်သန် လွတ်မြောက်လာ သူများအတွက် တုံ့ပြန်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများနှင့် တရားမျှတရေးကို လက်လှမ်းမီ ရယူနိုင်သည့် အကူအညီများလည်း မရှိသလောက်နည်းပါးရာမှ လုံးဝမရှိသည့် အနေအထားမျိုး ဖြစ်ပေါ်နေပါသည်။

ကျားမ တန်းတူညီမျှရေး အဘယ်ကြောင့် အရေးကြီးသနည်းဆိုသော မေးခွန်းအတွက် “လူ့အဖွဲ့အစည်းတစ်ခုက တောင်ပံနှစ်ဖက်ပါတဲ့ ငှက်တစ်ကောင်နဲ့တူတယ်ဆိုပါစို့၊ တောင်ပံ တစ်ဖက်ကျိုးသွားရင်၊ အဲ့ဒီငှက်ဟာ ကောင်းကောင်း ပျံနိုင်တော့မှာ မဟုတ်ဘူး” ဟု ကျွန်မဖြေပါမည်။ တစ်နိုင်ငံလုံးလူဦးရေ၏ ၅၂ ရာခိုင်နှုန်း ပါ၀င်သည့် အမျိုးသမီးများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့အစည်းများတွင် တန်းတူညီမျှ ကိုယ်စားပြု မပါဝင်နိုင်ခြင်း၊ အခြေခံအခွင့်အရေးများ၊ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများကို တန်းတူမရရှိခြင်းနှင့် ၎င်းတို့၏ နေ့စဉ်ဘဝတွင် အကြမ်းဖက် ခြိမ်းခြောက်မှုအန္တရာယ် များကို ဆက်လက် ကြုံတွေ့ နေရမည်ဆိုပါက၊ အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို အပြည့်အဝ တောင်းဆိုနိုင်စွမ်းနှင့် အသုံးပြုနိုင်ခြင်း မရှိတော့ဘဲ လူ့အဖွဲ့အစည်းသည်လည်း ရေရှည်တည်တံ့ပြီး သာယာဝပြောသော အနာဂတ်ဆီသို့ တက်လှမ်းနိုင် မည့် လူမှုစီးပွားစွမ်းဆောင်ရည်များကို အပြည့်အဝ အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ အမျိုးသမီးများ သည် ဘေးဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရပြီး ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ကြသည်။ သို့သော် ကုန်ထုတ်စွမ်းအား ဆိုင်ရာ အရင်းအမြစ်များ၊ မျိုးဆက်ပွားအခွင့်အရေးများနှင့်ပတ်သက်၍ တန်းတူညီမျှ မရရှိခြင်းများအပြင် အကြမ်းဖက်မှုနှင့် မတော်မတရားမှုများကို ဆက်လက်ကြုံတွေ့ ခံစားနေရဆဲ ဖြစ်သည်။

မကြာခဏကြုံတွေ့ရသည့် ပြင်းထန်သောအခြေအနေဆိုးများတွင် ဒေသတွင်းနှင့် ရပ်ရွာအဆင့် ရောဂါကပ်ဆိုးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရာတွင် အမျိုးသမီးများသည် အဓိကနှင့် အသက် ကယ်ဆယ်ရေး အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့်အတူ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများအဖြစ် တွေ့မြင်ရပြီး ဖြစ်ပါသည်။ ယခင်အချိန်များက ဖယ်ကြဉ်ခံရသည့် အမျိုးသမီးများအနေဖြင့် ထင်သာမြင်သာရှိသော ခေါင်းဆောင်မှု အခန်းကဏ္ဍများတွင် စတင်ဆောင်ရွက်လာမှုမှာ တိုးတက်မှုရှိလာပြီး၊ အမျိုးသမီးထုလှုပ်ရှားမှုအတွင်း စည်းလုံးညီညွတ်မှုသည် မကြုံစဖူး အမြင့်မားဆုံးအချိန်သို့ ရောက်ရှိခဲ့သည်။ သို့သော် ဤကဲ့သို့ အခြေအနေများ‌ ရောက်ရှိရန် အနစ်နာခံ ကြိုးစား ဆောင်ရွက်မှုများစွာရှိခဲ့ပြီး၊ အမျိုးသမီးခေါင်းဆောင်တစ်ဦးချင်းနှင့် အမျိုးသမီးအဖွဲ့အစည်းများသည် အရင်းအမြစ် မလုံလောက်ခြင်း၊ အရင်းအမြစ်များ လျော့ပါး ဆုံးရှုံးနိုင်ခြေကြုံရခြင်းနှင့် အလုပ်ပိုဝန်ပိခြင်းများအပြင် ၎င်းတို့၏ ဟုတ်တိုင်းမှန်ရာ ထုတ်ဖော်ပြောဆိုမှုများနှင့် ရဲရင့်သော ခေါင်းဆောင်မှုများကြောင့် အွန်လိုင်းတွင်ရော၊ လက်တွေ့ဘဝတွင်ပါ ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုမျိုးစုံကို ပိုမိုကြုံတွေ့ရင်ဆိုင်နေကြရသည်။

၂၀၂၃ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအစီအစဥ်၏ အစီရင်ခံစာအရ အမျိုးသမီးများသည် အလုပ်အကိုင်ဆိုင်ရာ လူမှုစံနှုန်းများ၊ လုပ်ငန်းခွင်တွင်း စွမ်းဆောင်ရည် ချိုးနှိမ်ခံရမှုများ၊ ၎င်းတို့၏ အိမ်ထောင်စုများနှင့် ရပ်ရွာလူထုအတွင်း ရိုးရာအစဉ်အလာ အခန်းကဏ္ဍများကြောင့် ပဋိပက္ခများ၊ နိုင်ငံရေးဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ အကြပ်အတည်းများနှင့် နောက်ဆက်တွဲ စီးပွားရေး သက်ရောက်မှုများ၏ ဒဏ်ကို အချိုးအစား မမျှတစွာ ထိခိုက်ခံစားကြရသည်။ ယခုနှစ်များအတွင်း အသက်ကယ်ဆယ်ရေး လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် ဦးစားပေးခံရသူပေါင်း ၄.၅ သန်းတွင် ၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ အလွန်ခက်ခဲသော စိန်ခေါ်မှုများရှိနေစေကာမူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်း သည် ဒေသန္တရ မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူပူးပေါင်း၍ ကျားမအခြေပြု အကြမ်းဖက်မှု ကာကွယ်တားဆီးခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း၊ HIV/AIDS ကာကွယ်တားဆီးရေး၊ ငွေသားပံ့ပိုးမှုနှင့် စားနပ်ရိက္ခာ ဖြန့်ဖြူးပေးခြင်းများ ပါဝင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမျိုးသမီးနှင့် မိန်းကလေးငယ် စုစုပေါင်း ၂.၃ သန်း အား ၂၀၂၃ ခုနှစ်တွင် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်တွင် အတည်ပြုလက်မှတ်ရေးထိုးခြင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း ချမှတ်အကောင်အထည်ဖော်ခြင်းများကြောင့် ကျားမရေးရာတန်းတူညီမျှရေး၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့်ပတ်သက်၍ လွန်ခဲ့သောဆယ်စုနှစ်များက ကြိုးစားပမ်းစားရရှိခဲ့သည့် တိုးတက်မှု များရှိခဲ့သော်လည်း၊ အကြပ်အတည်းများကြောင့် ဤတိုးတက်မှုရလဒ်များသည် အလုံးစုံ ဆုတ်ယုတ် ပျက်ယွင်းခြင်း သို့ ဆိုက်ရောက်ခဲ့ရသည်မှာ မျက်မြင်ထင်ရှားဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံရှိ အခြေအနေများသည် သေရေးရှင်ရေးတမျှ အရေးကြီးလာသည့်အလျောက်၊ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဘဝ ကဏ္ဍမျိုးစုံတွင် အမျိုးသမီးများ ဆက်လက် အရေးပါနေခြင်းသည်လည်း မျှော်လင့်အားထားရာ ဖြစ်လာပါသည်။

ကျားမ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် ကြုံတွေ့လာရသည့် ဆုတ်ယုတ် ကျဆင်းနေမှုများကို ရပ်တန့်ရန်၊ မြန်မာအမျိုးသမီးများနှင့် အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ကုလသမဂ္ဂ အေဂျင်စီအဖွဲ့အစည်းများ၏ အရေးပေါ်အကူအညီကို လိုအပ် နေသကဲ့သို့၊ ၎င်းတို့၏ မေတ္တာရပ်ခံမှုများကို နားထောင်ရန်နှင့် ထောက်ခံစည်းရုံးပြောဆိုမှုများကို ၎င်းတို့ကိုယ်စား ဆက်လက် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် အထောက်အပံ့များကို ဒေသန္တရ အခြေအနေနှင့်အညီ အကျိုးရှိထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနေသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အသိပညာနှင့် ကွန်ရက်ချိတ်ဆက်မှုများအပေါ် အားထား၍ ဝေးလံခေါင်ဖျားသောနေရာများတွင်နေထိုင်သူ လူဦးရေများအတွက် အကူအညီပေးနေသော အမျိုးသမီးအဖွဲ့အစည်းများကိုလည်း လိုက်လျောညီထွေဖြစ်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော ကူညီပံ့ပိုးမှုများပေးရန်လည်း လိုအပ်ပါသည်။

သန်စွမ်းပြီး၊ ပျက်စီးမှုမရှိသော တောင်ပံနှစ်ဖက် အညီအမျှရှိသည့် ငှက်တစ်ကောင်သည် အမြင့်ဆုံးနှင့် အဝေးဆုံးသို့ ပျံသန်းကာ ရေရှည်တည်တံ့ပြီးသာယာဝပြောသော အနာဂတ်ဆီသို့ ဦးတည်ပျံသန်းနိုင်မည်ဖြစ်ပါသည်။ ဤမတ်လ ၈ ရက်နေ့နှင့် နောင်ကာလများစွာတိုင် UN Women ကိုယ်စား ကျွန်မအနေဖြင့် မြန်မာနိုင်ငံတွင် ကျားမ တန်းတူညီမျှရေးအတွက် ယနေ့ကစပြီး အမြဲတမ်း ဆက်လက်ရပ်တည်သွားမည်ဟု ကတိပြုအပ်ပါသည်။


စာရေးသားသူ အကြောင်း - စာရေးသားသူ Ms. Karin Fueg သည် မြန်မာနိုင်ငံ UNWomen ရုံး၏ ယာယီ ဌာနေကိုယ်စားလှယ် ဖြစ်ပါသည်။